ဇန်နဝါရီ ၅ ရက်နေ့အထိ အခြေအနေ
ဇန်နဝါရီ ၄-၅ ရက်နေ့တွေကတည်းက ကာဇက်စတန် မြို့ကြီးတွေမှာ လူထု ဆန္ဒပြပွဲကြီးတွေ တခဲနက် မြင်တွေ့ခဲ့ရတယ်။ နှစ်သစ်ကူးနေ့ကစပြီး Mangystau မြို့မှာ ဓာတ်ငွေ့ဈေးတွေ ထိုးတက်သွားတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကနေ လူထုလှုပ်ရှားမှုကြီး ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ဖြစ်ရပ်တွေဟာ တဟုန်ထိုး ခုန်ကူးပြောင်းလဲသွားပြီး လူထု အုံကြွမှုအဆင့် ရောက်သွားတယ်။ Aktau နဲ့ Aktobe မြို့တွေမှာဆိုရင် ဆန္ဒပြလူထုက ဒေသန္တရအုပ်ချုပ်ရေး ရုံးတွေကို ဝင်စီးဖို့ ကြိုးစားခဲ့တယ်။ မြို့ကြီးအတော်များများမှာ အစိုးရ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆန္ဒပြ လူထုကြား ပဋိပက္ခတွေ အပြင်းအထန် ဖြစ်ခဲ့တယ်။ ဆန္ဒပြလူထုက သူတို့ကို ဖြို့ခွဲဖို့/ ဖမ်းဆီးဖို့ ကြိုးပမ်းတဲ့ အစိုးရ လက်နက်ကိုင် အဖွဲ့တွေကို အောင်အောင်မြင်မြင်
...