အပြည်ပြည်ဆိုင်ရာ ရာသီဥတုသပိတ်လှုပ်ရှားမှုကြောင့် ကမ္ဘာနဲ့အ၀ှမ်း တော်လှန်ရေးဒီရေလှိုင်းတွေ တလှိမ့် လှိမ့်တက်လာတယ်။ ပြီးခဲ့တဲ့နှစ်ကတင်၊ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုရက်တွေအတွင်း နိုင်ငံပေါင်း တရာကျော်က သန်းပေါင်းများစွာသော လူငယ်တွေဟာ စာသင်ကျောင်းပရ၀ုဏ်ရဲ့ အပြင်ကိုထွက်လာကြပြီး အနာဂတ်အတွက် သောကြာနေ့ တိုက်ပွဲတွေ (‘Fridays for Future’ protests) မှာ ပါဝင်ခဲ့ကြတယ်၊ ရာသီဥတု ကပ်ဘေးကို ဆန့် ကျင်တိုက်ဖျက်ဖို့ရာ လုပ်စရာရှိတာတွေ ချက်ချင်းလုပ်ကြဖို့လည်း တောင်းဆိုခဲ့ကြတယ်။
[Source]
လမ်းမပေါ်ကို ထုနဲ့ထည်နဲ့ ထွက်လာကြပြီး လမ်းမကြီးတွေကို သိမ်းပိုက်ကာ မြို့ပြတွေကို ရပ်ဆိုင်းသွားအောင် လုပ်လိုက်တဲ့ ဒီလူထုလှုပ်ရှားမှုတွေကြောင့် (ရေပေါ်ဆီ) နိုင်ငံရေးသမားတွေမှာ ဒီပြသနာတွေကို မဖြစ်မနေ ထိုင်ဆွေးနွေးရတော့တယ်၊ လစ်လျူရှုထားလို့ မရတော့တဲ့ အခြေဆိုက်လာတယ်။
ဒါ့အပြင် ဒီလူထုလှုပ်ရှားမှုတွေကြောင့် မျိုးဆက်သစ်လူငယ်တွေမှာ ယုံကြည်မှုတွေ၊ အင်အားတွေ၊ ဦးတည်ချက် တွေ အပြည့်ရှိလာတယ်။ လူထုလှုပ်ရှားမှုထဲပါလာသူတွေအဖို့ ထုနဲ့ထည်နဲ့၊ ရဲသွေးရဲမာန်အပြည့် လှုပ်ရှား ဆောင်ရွက်ခြင်းဟာ လုပ်ရိုးလုပ်စဉ် ဖြစ်လာတယ်၊ ခြွင်းချက်ကိစ္စမဟုတ်တော့ဘူး။ “သပိတ်” ဆိုတဲ့ စကားလုံး ဟာ လူငယ်ထုရဲ့ စိတ်ထဲ အခိုင်အမာ အမြစ်တွယ်ထားပြီ။ ဒီလူထုလှုပ်ရှားမှုတွေက ထုတ်နှုတ်ရရှိလိုက်တဲ့ သင် ခန်းစာကတော့ ရှင်းတယ်။ တစုံတရာကို လိုချင်ရင် စုစည်း၊ တိုက်ပွဲဝင်မှရမယ် ဆိုတဲ့ လက်တွေ့သင်ခန်းစာ။
ပြီးခဲ့တဲ့နှစ်က ဆွီဒင်နိုင်ငံမှာ ကျောင်းသူလေး ဂရီတ သန်းဘတ်ရဲ့ အပတ်စဉ် ဆန္ဒပြမှုတွေကနေ စတင်လာတဲ့ လှုပ်ရှားမှုဟာ တကမ္ဘာလုံးကို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့တယ်။ နိုင်ငံတိုင်းမှာ လူ ငယ်တွေ၊ ကျောင်းသားတွေက နိုင်ငံရေး လှုပ်ရှားမှုနယ်ပယ်အတွင်း ၀င်ရောက်လာကြပြီး “စနစ်ပြောင်းလဲရေး၊ ရာသီဥတုပြောင်းလဲရေး မဟုတ်” လို့ ဟစ်ကြွေး တောင်းဆိုခဲ့ကြတယ်။
အရေးပေါ် လုပ်ဆောင်မှု လိုအပ်နေတာ ရှင်းပါတယ်။ (ကာဗွန်ဒိုင်အောက်ဆိုဒ်) ထုတ်လွှတ်မှု၊ လေထုညစ်ညမ်း မှုကို တဟုန်ထိုး လျှော့ချပစ်ဖို့ မလွဲမသွေလုပ်ရမယ်။ ရေကာတာကြီးတွေ ဆောက်လုပ်တာ၊ သစ်တောတွေ ထိန်းသိမ်း ကျယ်ပြန့်လာအောင်လုပ်တာ၊ စတဲ့ ရာသီဥတု ကပ်ဘေးအန္တရာယ် လျှော့ချရေးလုပ်ဆောင်ချက်တွေ မဖြစ်မနေ ပြုလုပ်ရမယ်။ ဒါပေမယ့် အရင်းရှင်လူတန်းစားနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တော် နိုင်ငံရေးသမားတွေ ကတော့ လိုအပ်နေတဲ့ ရယ်ဒီကယ် အပြောင်းအလဲတွေကို လုပ်ဆောင်နိုင်စွမ်း လုံးဝ လုံးဝ မရှိဘူး။
ကမ္ဘာလုံးဆိုင်ရာ ပြသနာကို ဖြေရှင်းဖို့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု လိုအပ်တယ်။ ဒါပေမယ့် အရင်းရှင်အစိုးရ တွေကတော့ မလုပ်နိုင်ဘူး။ ကမ္ဘာ့ခေါင်းဆောင်တချို့က “ရာသီဥတု အရေးပေါ်အခြေအနေ” လို့ အာပေါင်အာ ရင်း သန်သန် ပြောထားကြတယ်။ လက်ဝါးကြီးအုပ် အရင်းရှင်လုပ်ငန်းစုတွေရဲ့ ကိုယ်စားလှယ်တော် နိုင်ငံရေး သမားတွေ ပါးစပ်က ကြုံးဝါးလိုက်တဲ့ ဒီစကားဟာ အနှစ်မဲ့ဗလာချီစကားစုသက်သက်သာ ဖြစ်တော့တယ်။ အ ဆုံးမှာတော့ အရင်းရှင်စနစ်အောက်မှာ အဆုံးအဖြတ်တကယ်ပြုနိုင်တာ အဲဒီနိုင်ငံရေးသမားတွေ မဟုတ်။ လူ သားတရပ်လုံးနဲ့ ငါတို့ကမ္ဘာဂြိုဟ်တခုလုံးရဲ့ အနာဂတ်ဟာ ဈေးကွက်ရဲ့ “မမြင်ရသောလက်” ဆိုတာကြီး ပြုသမျှ နုနေရတယ်။
သိပ္ပံပညာရှင်တွေကို ချောင်ထိုးထားကြောင်း ဂရီတ သန်းဘတ်က ထောက်ပြခဲ့တယ်၊ အစိုးရတွေအနေနဲ့ သိပ္ပံ နည်းကျ အထောက်အထားတွေ၊ အကြံပြုချက်တွေကို လိုက်နာကြဖို့ တောင်းဆိုထားတယ်။ အလားတူပဲ၊ Extinction Rebellion လှုပ်ရှားမှုက တက်ကြွသူတွေကလည်း (ဥတုကပ်ဘေးအကြောင်း) လူအများ သိရှိမှု ပို များလာအောင် ကြိုးစားခဲ့ကြတယ်၊ အလွန်မြင်သာတဲ့ တိုက်ရိုက်လှုပ်ရှားမှုတွေကနေတဆင့် နိုင်ငံရေးသမား တွေကို ယုံကြည်လာအောင် စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခဲ့ကြတယ်။
ဒါပေမယ့် အရင်းရှင်တွေနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တော် နိုင်ငံရေးသမားတွေကို ကိုယ်ကျင့်တရားရှုထောင့်က နေ တရားပြ စည်းရုံးလို့ ရမှာမဟုတ်သလို၊ ကိန်းဂဏန်းအချက်အလက်တွေကိုင်ပြီး တိုက်တွန်းလို့လည်း ရမှာ မ ဟုတ်ဘူး။ အဆုံးမှာတော့ အရေးကြီးဆုံးအချက်က လူထုနဲ့ကင်းကွာနေတဲ့ ရေပေါ်ဆီလူတန်းစားက ကမ္ဘာမြေ ကို ကာကွယ်ပေးဖို့ မျှော်လင့်နေလို့ လုံးဝ မဖြစ်နိုင်ဘူး။ ကျန်တဲ့ လူသားတရပ်လုံး ကြေမွပျက်သုဉ်းသွားချင် သွားပါစေ၊ (သွေးစုပ်သူ) အဲဒီ ရေပေါ်ဆီလူတန်းစားအဖို့ အမြတ် များနိုင်သမျှ များများရရေးသာ ပဓာနဖြစ်နေ တယ်။
ကော်ပရေးရှင်းတွေ (လက်ဝါကြီးအုပ် အရင်းရှင် လုပ်ငန်းကြီးတွေ)ဟာ ကုန်ကျစရိတ်လျှော့ချဖို့၊ ပြိုင်ဘက်ကို အလဲထိုးဖို့၊ ဈေးကွက်အသစ်တွေ မောင်ပိုင်စီးထားဖို့နဲ့ အမြတ်အစွန်း များနိုင်သမျှ များများရဖို့ လိုအပ်လာရင် ဘယ်စဉ်းမျဉ်းစည်းကမ်းကိုမှ လိုက်နာနေမှာမဟုတ်ဘဲ ဘယ်သူသေသေ ငတေမာပြီးရော အလွယ်လမ်း၊ ဖြတ် လမ်း၊ အကုန်အကျနည်းမယ့်လမ်းတွေကို လိုက်ကြမှာပဲ။
အရင်းရှင်လူတန်းစားကိုယ်စားလှယ် နိုင်ငံရေးသမားတွေကတော့ သူတို့သခင် အရင်းရှင်လူတန်းစားရဲ့ (ကမ္ဘာ) ဖျက်လုပ်ရပ်ကို တုံ့ပြန်ရင်ဆိုင်တာမျိုး ဘာတခုမှ မလုပ်နိုင်ဘူး။ သူတို့အကြံပြုနိုင်တာကတော့ အများပြည်သူက ငွေဝိုင်းထည့်ပြီး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ချက်တွေ လျော့ပါးသက်သာအောင် တယောက်ချင်းစီက ၀ိုင်းကြိုးစားကြဖို့ ဆိုတာပဲ။
ဒီလိုစဉ်းစားရာက ထွက်လာတဲ့ ဖြေရှင်းနည်း အားလုံးဟာ ဖောက်ပြန်ယိုယွင်းနေတယ်။ တကယ့်တကယ်ကျ တော့ ဒီဖြေရှင်းနည်းဆိုတာတွေက ကမ္ဘာ့အဖိနှိပ်ခံလူထုကို အငတ်ခံ ခြွေတာရေးလုပ်ခိုင်းတဲ့ ‘greenwashing’ (အရင်းရှင်လူတန်းစားက သဘာဝပတ်ဝန်းကျင် ပျက်စီးအောင် လုပ်နေပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးလုပ်နေဟန် ထင်လာအောင် ၀ါဒဖြန့် မှိုင်းတိုက်ခြင်း) လုပ်နည်းတမျိုးပဲ။ အရင်းရှင်လူတန်းစားနဲ့ ပုပ်ပွ နေတဲ့ အရင်းရှင်စနစ်ကြောင့် ဖြစ်ပေါ်လာရတဲ့ ပြသနာကို ဖြေရှင်းဖို့ အလုပ်သမားလူတန်းစားနဲ့ ဆင်းရဲသား အ ဖိနှိပ်ခံ လူထုကို ရှိသမျှလေးနဲ့ ရောင့်ရဲကြ၊ ခြွေတာကြပါလို့ လှည့်ဖျားလိုက်ခြင်းပဲ။
အရေးအကြီးဆုံးကတော့ အဲဒီ လစ်ဘရယ်၊ တသီးပုဂ္ဂလ ဆုတောင်းသံဟာ တကယ့် အချက်အလက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ဥပမာ၊ လတ်တလော လေ့လာချက်တခုကို ကိုးကားပြောရရင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းရဲ့ ၇၀% ဟာ အရင်းရှင်လုပ်ငန်းကြီး တရာ (ကျောက်ဖြစ်လောင်စာထုတ်လုပ်ရေး လုပ်ငန်းကြီး တွေက အများစုပါဝင်) ကြောင့်ဖြစ်ရတာ။ ဒါကို ကြည့်ရင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာခြင်းရဲ့ လက် သည်တရားခံကို မြင်တွေ့ရမယ်။
ဒါကို တုံ့ပြန်ရင်ဆိုင်ဖို့ အမေရိကန်က အလက်ဇန်းဒရီယ အော်ကစီယို ကောတက်(ဇ်)လို လက်ဝဲနိုင်ငံရေးသမား တချို့က ‘Green New Deal’ ဆိုတာကို တောင်းဆိုလာကြတယ်။ ထပ်ကျော့အသုံးချလို့ရတဲ့ စွမ်းအင်ထောက် ပံ့မှုတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်လာပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာရောက်တဲ့ အလုပ်အကိုင်တွေ (green jobs) ဖန်တီးပေးခြင်းအားဖြင့် ကာဗွန်ထုတ်လွှတ်မှုကို ထိန်းချုပ်ဖို့ အစိုးရတွေကို တောင်းဆိုထားကြ တယ်။
ဝေတေ၀ါးတား ဒီတောင်းဆိုချက်တွေဟာ အရင်းရှင်စနစ်ကို ဇက်ကြိုးတပ်၊ စီမံခန့်ခွဲဖို့ ကြိုးစားတဲ့ “ကိန်း” ဗျူ ဟာ မျိုးသာဖြစ်သွားတယ်။ အရင်းရှင်စနစ်ကို အဲ့သလို ဇက်ကြိုးတပ်လို့ မရနိုင်ဘူး၊ ယဉ်ပါးအောင်လုပ်လို့ မရ နိုင်ဘူး၊ ‘green’ (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း) ဖြစ်အောင်လုပ်လို့ မရနိုင်ဘူး။ အမြတ်အတွက်ထုတ်လုပ် ခြင်းပေါ် အခြေတည်ထားတဲ့ ကုန်ထုတ်စီးပွားရေးဖြစ်နေသရွေ့ အစိုးရတွေကို ကြိုးကိုင်မောင်းနှင်နေတာ လက် ၀ါးကြီးအုပ် အရင်းရှင်လုပ်ငန်းကြီးတွေဖြစ်နေဦးမယ်၊ အစိုးရတွေက အရင်းရှင်လူတန်းစားကို ဇက်ခွံ့၊ မောင်းနှင် တာမျိုး ဘယ်တော့မှ ဖြစ်မလာဘူး။
ငါတို့ ကမ္ဘာဂြိုဟ်ကို သတ်နေတာ အရင်းရှင်စနစ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်ထားရမယ်။ ဘယ် တော့မှ ရောင့်ရဲတင်းတိမ်နိုင်ခြင်းမရှိတဲ့ မွတ်သိပ်မှုမျိုးနဲ့ အမြတ် နောက် ကောက်ကောက်ပါအောင် လိုက်နေတဲ့ အရင်းရှင်စနစ်ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူနေမှုဆိုင်ရာ အခြေအနေတွေ အောက်ထိထိုးဆိုက် သွားအောင် နိမ့်ကျသထက်နိမ့်ကျလာရတယ်။ ဘယ်ဟာကို ထုတ်မယ်၊ ဘယ်လိုထုတ်မယ်ဆိုတာကို အမြတ် နောက် ကောက်ကောက်ပါအောင် လိုက်နေတဲ့ ကော်ပရေးရှင်းတွေ (လက်ဝါးကြီးအုပ် အရင်းရှင်လုပ်ငန်းတွေ) က အဆုံးအဖြတ်ပြုနေတယ်။ စနစ်တကျ စီမံထားချက်အရ လုပ်နေခြင်းမဟုတ်ဘူး။ ငါတို့ကုန်ထုတ်စီးပွားဘ၀ ကို ဈေးကွက်ရဲ့ မင်းမဲ့ထင်ရာစိုင်းမှု အောက် ဖြစ်ချင်ရာဖြစ် လွှတ်ပစ်ထားတယ်။
အမြတ်ရရှိရေးကာ မောင်းနှင်အားဖြစ်နေတယ်၊ ကုန်ထုတ်စီးပွား တိုးတက်ရေးက မောင်းနှင်အားမဟုတ်ဘူး။ ဒါ ဟာ အရင်းခံပြသနာ။ ဒါ့ကြောင့် ‘green’ လှုပ်ရှားမှုထဲက တချို့ပြောနေကြတဲ့ “ဖွံ့ဖြိုးမှုသုည” တောင်းဆိုချက်၊ “ဖွံ့ဖြိုးမှုလျှော့ချရေး” တောင်းဆိုချက်တွေဟာ ဖောက်ပြန်ယိုယွင်းနေတဲ့ တောင်းဆိုချက်တွေဖြစ်တယ်။ အရင်း ရှင်စနစ်အောက် “ဖွံ့ဖြိုးမှုသုည” ဆိုတာ ဆုတ်ယုတ်မှုကပ်ပဲ။ ဒီကပ်ဘေးကို တကယ်ခံရမှာ အလုပ်သမားလူ တန်းစားနဲ့ အဖိနှိပ်ခံ ဆင်းရဲသား လူထုပဲ။ ထာဝရ ဆုတ်ယုတ်မှု တောင်းဆိုချက်အတွက် ဆင်ခြေပေး ငြင်းချက် ထုတ်ခြင်းဟာ ထာဝရ အငတ်ခံခြွေတာရေးအတွက် ဆင်ခြေပေး ငြင်းချက်ထုတ်ခြင်းပဲ။
ရေရှည်တည်တံ့တဲ့ ကုန်ထုတ်စီးပွားဘ၀ (လူနေမှုအဆင့်အတန်း မြင့်လာခြင်းဟာ ကမ္ဘာဂြိုဟ်ကိုကာကွယ်ရေးနဲ့ ၀ိရောဓိဖြစ်မနေတဲ့ အခြေအနေ) ကို ဖော်ဆောင်ဖို့ရာ ဒီမိုကရေစီနည်းကျ၊ ဆင်ခြင်နည်းတကျ၊ ဆိုရှယ်လစ် ကုန်ထုတ်လုပ်ရေး စီမံမှုအပေါ် အခြေတည်ထားရေးသာ တခုတည်းသော လမ်း ဖြစ်တယ်။
ပုဂ္ဂလိက လက်ထဲရောက်နေတဲ့ လက်ဝါးကြီးအုပ် အရင်းရှင်လုပ်ငန်းစုကြီးတွေဟာ ပြုန်းတီးမှု၊ သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုတွေကို ဒလဟော ဖြစ်စေတယ်။ ဒီလက်ဝါးကြီးအုပ် လုပ်ငန်းစုကြီးတွေကို ပုဂ္ဂလိက အရင်းရှင် တွေလက်ထဲက ပြန်သိမ်းယူပြီး ဆိုရှယ်လစ် ကုန်ထုတ်လုပ်ရေး စီမံမှုအောက် ထားလိုက်မယ်ဆိုရင် မကြာခင် နှစ်အနည်းငယ်အတွင်းမှာတင် လေထုညစ်ညမ်းမှု၊ ကာဗွန်ထုတ်လွှတ်မှုတွေ ဖြတ်တောက်ပစ်ဖို့ ခေတ်မီ ပတ် ၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ‘green’ နည်းပညာတွေကို အသုံးချလာနိုင်မယ်။ ရုပ်ကမ္ဘာကို ရေရှည် တည်တံ့အောင် လုပ်နေစဉ်မှာပဲ လူသားတိုင်းအတွက် အရည်အသွေးပြည့်ဝတဲ့ စားဝတ်နေရေးကို ဖြည့်တင်း ပေးရုံမကသေး၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး စတာတွေကိုပါ ပြည့်ပြည့်၀၀ ခံစားခွင့်ရစေမယ်။
အလုပ်သမားလူတန်းစားရဲ့ ဒီမိုကရေစီနည်းကျ ထိန်းချုပ်မှုအောက်မှာ စက်ရုံအတွင်းက အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုကို အကောင်းဆုံး သိပ္ပံပညာရှင်တွေနဲ့ ပေါင်းစပ်ပြီး လူ့အစည်းအရုံး တရပ်လုံးရဲ့ နည်းပညာပိုင်းတိုး တက်မှု အစွမ်းအစတွေ၊ အရင်းအမြစ်တွေကို လူသားတရပ်လုံး၊ ကမ္ဘာဂြိုဟ်တခုလုံး အကျိုးအတွက် အသုံးချ နိုင်မယ်။
နိုင်ငံတော်တော်များများမှာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုကို စိုးရိမ်ပူပန်လာခြင်း၊ အစဉ်အလာ နိုင် ငံရေးပါတီတွေကို လူထုက မယုံကြည်တော့ခြင်းကြောင့် (ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး) ‘green’ ပါတီတွေကို ထောက်ခံမှု များသထက်များလာတယ်။ ဒါပေမယ့် ဒီ ‘green’ ပါတီခေါင်းဆောင်တွေဟာ အခြေခံ အားဖြင့် လစ်ဘရယ်တွေဖြစ်ကြတယ်။ လက်ရှိ (အရင်းရှင်) စနစ်တခုလုံးကို မဆန့်ကျင်ကြတဲ့ သူတွေဖြစ်တယ်၊ လူ့အဖွဲ့အစည်းဟာ ဘယ်လိုမှ စေ့စပ်မရအောင် ဆန့်ကျင်နေတဲ့ လူတန်းစားတွေအဖြစ် ကွဲထွက်နေကြောင်း မ မြင်နိုင်တဲ့ လစ်ဘရယ်တွေဖြစ်တယ်။
အရင်းရှင်စနစ်ဟာ ပြသနာရဲ့ဇစ်မြစ်ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်အရ လူတန်းစားအခြေခံ ရယ်ဒီကယ် ပြောင်း လဲမှု အတွက် ငါတို့တိုက်ကြရမယ်။ သဘောက ကျောင်းသားလူငယ်တွေရဲ့ ရာသီဥတု သပိတ်တိုက်ပွဲတွေရဲ့ ရယ်ဒီ ကယ်ဆန်မှု၊ ရဲသွေးရဲမာန်ပြည့်ဝမှုကို ကျယ်ပြန့်တဲ့ အလုပ်သမားလူတန်းစား တိုက်ပွဲနဲ့ ပေါင်းစပ်ပေး ရမယ်၊ ရဲရင့်ပြတ်သားတဲ့ ဆိုရှယ်လစ်အမြင်အခြေခံ ပတ်ဝန်းကျင်ဆိုင်ရာ ပေါ်လစီတွေ ကိုင်စွဲပြီး တိုက်ပွဲဝင်နေ ကြတဲ့ အလုပ်သမားထု၊ လူငယ်ထုတို့နဲ့ ကျောင်းသားလူငယ်တွေရဲ့ ရာသီဥတု သပိတ်တိုက်ပွဲတွေကို ချိတ် ဆက် ပေါင်းစပ်ပေးရမယ်။
ဒီရှုထောင့်အရကြည့်ရင် အခုလာမယ့် စက်တင်ဘာ ၂၀ရက်နေ့ကနေ ၂၇ရက်နေ့အတွင်း အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုရက်တွေဟာ လူထုလှုပ်ရှားမှုအဖို့ ရှေ့ကို အတော်ရောက်တဲ့ ခြေလှမ်းဖြစ်တယ်။ ဂရီတ သန်းဘတ် ဟာ ကမ္ဘာတ၀ှမ်းက အလုပ်သမားထုအနေနဲ့ ကျောင်းသားထုနဲ့အတူ လက်တွဲပြီး ကမ္ဘာလုံးနဲ့အ၀ှမ်း လမ်းပေါ် ထွက် တိုက်ပွဲဝင်ကြဖို့ မှန်မှန်ကန်ကန် ဆော်သြထားတယ်။ တချို့ဒေသတွေမှာတော့ အလုပ်သမားသမဂ္ဂတွေ က ဒီဆော်သြချက်ကို ထောက်ခံထားကြတယ်။ တက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့အတူ သပိတ်မှောက်ကြမယ် လို့လည်း ကတိပြုထားတယ်။
အလုပ်သမားလူတန်းစား လှုပ်ရှားမှုတရပ်လုံးအတွက် နောက်ခြေလှမ်းကတော့ ဒါတွေကို နမူနာယူပြီး ရာသီဥ တု သပိတ်တိုက်ပွဲတွေကို အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြဖို့ပဲ။ ဆိုရှယ်လစ်လုပ်ငန်းစဉ် ကိုင်ဆွဲချီ တက်လာတဲ့ အလုပ်သမားလူတန်းစားရဲ့ စုစည်းမှုအင်အားကို ဘယ်သူကမှ ရပ်တန့်အောင် မလုပ်နိုင်ဘူး။ မာ့(ခ်စ်)၀ါဒီတွေ အမြဲပြောလေ့ရှိသလိုပဲ အလုပ်သမားလူတန်းစား ခွင့်မပြုရင်မီးသီးတလုံးတောင် မလင်းနိုင်ဘူး၊ ဘီးတစင်းတောင် မလည်ပတ်နိုင်ဘူး။
အရင်းရှင်စနစ်ကို တိုက်ဖျက်ပစ်ပြီး ဆိုရှယ်လစ်စနစ်နဲ့ အစားထိုးနိုင်မှသာ ကမ္ဘာဂြိုဟ်ရဲ့ အရင်းအမြစ်တွေကို ဒီ မိုကရေစီနည်းကျ စီမံ အသုံးချနိုင်မယ်။ လူ့အဖွဲ့အစည်းတခုလုံးကို ဆိုရှယ်လစ်စနစ်အခြေခံ တော်လှန်ပြောင်း လဲပစ်မှသာ ကပ်ပါးကောင် လက်တဆုပ်စာအတွက် အမြတ်ရစေမှာ မဟုတ်ဘဲ ရုပ်ကမ္ဘာနဲ့ လူအများစုလိုအပ် ချက် သဟဇာတဖြစ်အောင် လုပ်လို့ရမယ်။
ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ သိပ္ပံပညာရပ်နဲ့ နည်းပညာက ရှိနေပြီ။ ဒါပေမယ့် အရင်းရှင်စနစ် အောက်မှာ ဒီစွမ်းအားစုတွေဟာ ရုပ်ကမ္ဘာကို မကယ်တင်ဘဲ ဖျက်စီးပစ်နေတယ်။ ဆိုရှယ်လစ်စနစ်လား ဒါမှမ ဟုတ် နိုင်ရာစား ဗိုလ်ကျစနစ်လား။ ဒါဟာ ငါတို့ရွေးရမယ့် အနာဂတ်ပဲ။ ဒါ့ကြောင့် တော်လှန်ရေးကို လိုအပ် တယ်။
• စက်တင်ဘာ ရာသီဥတု သပိတ်တွေအတွက် အပြင်းအထန် စည်းရုံးလှုံ့ဆော်တိုက်ပွဲဝင်ကြ
• ကျောင်းသားထုနဲ့ အလုပ်သမားထု ပေါင်းစည်းတိုက်ပွဲဝင်ကြ
• အရင်းရှင်စနစ်က ပြသနာရဲ့ဇစ်မြစ်၊ ဆိုရှယ်လစ်စနစ်သာ အဖြေဖြစ်တယ်
• အပြည်ပြည်ဆိုင်ရာ မာ့(ခ်စ်)၀ါဒီ အင်အားစုနဲ့ ချိတ်ဆက်ကြ